မိဘများ၊ ကျောင်းသူ/သားများအနေဖြင့် ILBC သို့ ကျောင်းလခများပေးသွင်းရာတွင် ကျောင်းသားနှင့် ပေးချေရမည့်ငွေပမာဏ ကိုက်ညီမှုရှိစေရန် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖြည့်သွင်းပေးရန် လိုအပ်ပါသည်။
ကျောင်းသားအမည်များသည် ဆင်တူရိုးမှားဖြစ်နိုင်သည့်အတွက် ကျောင်းလခပေးချေရာတွင် ကျောင်းသား ID နံပါတ်ကိုပါ ဖော်ပြပေးရပါမည်။
ယခုအခါ ကျောင်းသား ID အားလုံးသည် ဂဏန်း (၁၀)လုံးသာပါ၀င်ပါသည်။ အက္ခရာမပါဝင်ပါ။
(ဥပမာ – 1234567890)
Wave Pay နှင့် ကျောင်းလခပေးချေနည်းအဆင့်ဆင့်
——————————
Wave Pay တွင် More ကိုနှိပ်ပါ။
Education ကို နှိပ်ပါ။
ILBC ကိုရွေးချယ်ပါ။
ကျောင်းအမည်ကို ဖြည့်စွက်ပါ။ (ကျောင်းအမည်ဖြည့်သွင်းရာတွင် အင်္ဂလိပ်စာလုံးအကြီး (A-Z) အင်္ဂလိပ်စာလုံးအသေး(a-z) နှင့် နံပါတ် (0-9) ဖြစ်ရပါမည်။)
စာလုံးရေ အနည်းဆုံး ၁လုံးမှ အများဆုံး ၂၅လုံးအထိ ထားရှိပေးရပါမည်။
အတန်းနှင့်အခန်းကိုဖြည့်သွင်းရပါမည်။ (ဖြည့်သွင်းရာတွင် စာလုံးရေ အနည်းဆုံး ၁လုံးမှ အများဆုံး ၂၅လုံးအထိ ထားရှိပေးရပါမည်။)
Student ID သည် ILBC မှပေးပို့ထားသော Username ထဲမှ ဂဏန်း (၁၀)လုံးကိုဖြည့်သွင်းပေးရပါမည်။ (ဥပမာ – xxxxxxxxxx@ilbc.edu.mm)
ဖြည့်သွင်းထားသည့်အချက်အလက်များကို ပြန်လည်စစ်ဆေးပြီး Wave Pay မှ PIN ကိုဖြည့်ပြီး လုပ်ဆောင်မှုကို အဆုံးသတ်နိုင်ပါသည်။
Wave Channel တွင်လည်း Payment ကိုရွေးချယ်ပြီးနောက် ILBC ကို ရွေးချယ်နိုင်ပါသည်။
ထို့နောက်တွင်