သင်တန်း ပထမပတ်အတွက် ရည်မှန်းချက် –
HBL အစီအစဉ်၏ ပထမပတ်တွင် သင်ကြားလေ့ကျင့်ရမည့် အကြောင်းအရာများ
အွန်လိုင်းသုံးစွဲ၍ သင်ယူမှုပြုရာတွင် ကြုံတွေ့ရနိုင်သော နည်းပညာဆိုင်ရာ မတော်တဆဖြစ်မှုများ
အွန်လိုင်းသုံးစွဲ၍ သင်ယူမှုပြုရာတွင် ကြုံတွေ့ရနိုင်သော နည်းပညာဆိုင်ရာ အားနည်းချက်များ
Email:? support@ilbc.edu.mm၊ teamadmin@ilbc.edu.mm
? Viber +959777711112
☎️ Mobile: 09 777711112, 09 887887717, 09 887887727, 09 777092000
သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
အွန်လိုင်းသုံးစွဲ၍ သင်ယူမှုပြုရာတွင် သတိပြုရမည့် လျှပ်စစ်ပိုင်းဆိုင်ရာ အချက်အလက်များ
သင်တန်း ဒုတိယပတ်အတွက် ရည်မှန်းချက် –
၂၀၂၀ ခုနှစ်၊ မေလ (၂၅) ရက်နေ့မှ မေလ (၂၉)ရက်နေ့အထိ ကြာမြင့်မည့် Home-based Learning Program ၏ ဒုတိယပတ်တွင် Microsoft Teams Application အသုံးပြုသင်ယူမှု ပိုမိုကျွမ်းကျင်လာစေရန် အောက်ပါ ဘာသာရပ်များကို ဖော်ပြပါစာသင်ချိန် အကြိမ်ရေများအတိုင်း သင်ကြားသွားမည်ဖြစ်ပါသည်။
Subjects – Myanmarsar, English, Mathematics, History, Geography, Science, Fine Arts, General Music, Health and Fitness
Period(s) per Week – Myanmar (1 period), English (3 periods), Mathematics (2 periods), History (2 periods), Geography (2 periods), Science (2 periods), Fine Arts (1 period), General Music (1 period), Health and Fitness (1 period).
Timetable – Kindergarten အတန်းများအတွက် အတန်းခွဲအလိုက်အသုံးပြုမည့် အချိန်ဇယားများကို ၂၀၂၀ ခုနှစ်၊ မေလ (၂၂) ရက်နေ့တွင် ကျောင်းသားများ၏ Microsoft Teams ၏ Calendar Menu တွင် ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ပြီး ကျောင်းသားတစ်ဦးချင်းစီအတွက် စာသင်ကြားရေးအတွက် ILBC မှ ဖွင့်လှစ်ပေးထားသော E-mail (Example : xxxxxxxxxx @ilbc.edu.mm) များသို့ လည်း ပေးပို့သွားမည်ဖြစ်၍ ဖွင့်လှစ်ကြည့်ရှုနိုင်ပါသည်။ တစ်ပတ်စာအချိန်ဇယားသည် အကြောင်းအားလျှော်စွာ ပြောင်းလဲနိုင်ပါသည်။ (Timetables are subject to change.)
(တစ်နေ့လျှင်သင်ကြားမည့် စာသင်ချိန်စုစုပေါင်း (၃) ချိန် ရှိမည်ဖြစ်ပြီး၊ တစ်ပတ်လျှင် စာသင်ချိန် (၁၅)ချိန်ဖြင့် တစ်လအတွက် စာသင်ချိန် (၆၀) ရှိမည်ဖြစ်ပါသည်။)
Textbook – Textbook ပါအကြောင်းအရာများ အပါအ၀င် အခြားသော သင်ကြားမှုဆိုင်ရာ အထောက်အကူပြု (Class Materials) ကွန်ပျူတာဖိုင်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များ စသည့် တို့ကို လိုအပ်ချက်အလိုက် ကြိုတင်၍ (သို့မဟုတ်) နေ့စဉ် (သို့မဟုတ်) အပတ်စဉ် တင်ပေးထားမည်ဖြစ်သဖြင့် Microsoft Teams ၏ Files Tab အောက်တွင်ရှိသော Class Materials Folder ထဲတွင် ရယူနိုင်မည်ဖြစ်ပါသည်။ Home-based Learning ကာလအတွင်း Paper Textbook များ အသုံးပြုမည်မဟုတ်ပါ။ ကျောင်းပြန်ဖွင့်သောအခါ Paper Textbook များကို ပြန်လည်အသုံးပြုသွားမည်ဖြစ်ပါသည်။
Assignment – Assignment များကို Microsoft Teams Menu ရှိ Assignment Tab တွင် ပေးထားမည်ဖြစ်ပြီး ကျောင်းသားက ကွန်ပျူတာတွင် ပြီးမြောက်အောင်ဆောင်ရွက်ပြီးသည်နှင့် “Turn in” ခလုပ်ကိုနှိပ်ခြင်းဖြင့် ပြန်လည်ပေးပို့နိုင်မည်ဖြစ်ပြီး ဆရာမှ ထိုအဖြေလွှာကို စစ်ဆေးအကဲဖြတ်အမှတ်ပေးပြီး ပြန်လည်ပေးပို့မည် ဖြစ်ပါသည်။
Face to Face Engagement Period – Microsoft Teams အသုံးပြု၍ သင်ကြားချိန်အတွင်း ကျောင်းသားအချင်းချင်း အွန်လိုင်းမှ မြင်တွေ့ဆွေးနွေးခြင်း သို့မဟုတ် ဆရာနှင့်ကျောင်းသား(များ) အွန်လိုင်းမှ မြင်တွေ့ဆွေးနွေးခြင်း (Group Discussion) အစီအစဉ်ကို ဘာသာရပ်တစ်ခုစီအတွက် အပတ်စဉ် (၁) ချိန် စီစဉ်ထားရှိ၍ နားမလည်သည်များကို ဆရာမှ တိုက်ရိုက်ရှင်းလင်း သင်ပြပေးမည်ဖြစ်ပါသည်။
A Single Class Size – Maximum number of student (25)
Kindergarten မှ Primary 4 အထိ အတန်းငယ်အားလုံးတွင် Video Conferencing အသုံးပြုခြင်း – KG မှ Primary 4 အထိ အတန်းငယ်အားလုံးတွင် Video Conferencing ကိုသုံး၍ သင်ကြားမည်ဖြစ်သော်လည်း Level တူအတန်းများ ပူးပေါင်းသင်ကြားခြင်းမရှိဘဲ ကျောင်းသား (၂၅) ယောက်ပါ အတန်းအတွင်းတွင်သာ အသုံးပြု၍ သင်ကြားမည်။ ထိုသို့သင်ကြားရာတွင် ကျောင်းသားများသည် မိမိမေးလိုသော မေးခွန်းကို Microphone ဖွင့်၍ ဆရာဆရာမထံသို့ တိုက်ရိုက် မေးမြန်းနိုင်ပါသည်။ ဆရာ ဆရာမက မေးခွန်း၏အဖြေကို ကျောင်းသားအားလုံး ကြားသိစေရန် ပြန်လည်ရှင်းလင်းဖြေကြားပေးမည်ဖြစ်သည်။
Kindergarten မှ Primary 4 အထိ အတန်းများအားလုံးတွင် Meeting chat အသုံးပြုခြင်း – Kindergarten မှ Primary 4 အထိ ကျောင်းသားများ Meeting chat သုံးရာတွင် ကျောင်းသားငယ်များဖြစ်သဖြင့် Meeting chat ကိုသုံး၍ ၄င်းတို့၏ Writing Skill စာရေးသားခြင်းစွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်၍လည်းကောင်း၊ လက်ချောင်းလေးများသုံး၍ ရိုက်ရသည် Typing Skill ကို မြှင့်တင်ရန် ရည်ရွယ်၍လည်းကောင်း၊ “Yes”, “No”, “I know”, “I don’t know”, “I understand” , “I don’t understand” အစရှိသည့် ၄င်းတို့ရေးသားနိုင်သော တိုတောင်းသည့် စာကြောင်းများ ရေးသား၍ ဆက်သွယ်ခြင်းမှ စတင်ကာ ပို၍ပို၍ ကျွမ်းကျင်လာစေရန် လေ့ကျင့်ရာတွင် အသုံးပြုမည်ဖြစ်သည်။
Message Book – ILBC ကျောင်းတွင် အစဉ်တစ်စိုက်သုံးစွဲခဲ့သော မိဘနှင့်ဆရာဆက်သွယ်ရေး လမ်းကြောင်းဖြစ်သည့် Message book ၏နေရာတွင် မိမိရင်သွေးတက်ရောက်နေသော Microsoft Teams Class အတွင်းရှိ Posts မှတစ်ဆင့် ဆရာများနှင့်မိဘတို့ အပြန်အလှန်ရေးသား ဆက်သွယ်နိုင်မည်ဖြစ်သည်။
Assessment – အကဲဖြတ်စစ်ဆေးခြင်းကို Microsoft Teams တွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်မည်ဖြစ်ပြီး ကျောင်းသား၏ အတန်းချိန်အတွင်း လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို အောက်ပါကဏ္ဍများအလိုက် အကဲဖြတ်စစ်ဆေးခြင်းရလာဒ်ကို မိဘများသို့ ပေးပို့သွားမည်ဖြစ်ပါသည်။
နောက်တစ်တန်းသို့ဆက်လက်တက်ရောက်ခွင့် – ကျောင်းသားတစ်ဦးသည် နောက်တစ်တန်းသို့ ဆက်လက် တက်ရောက်ခွင့်ရရန် အောက်ပါအချက်အလက်တို့ပြည့်စုံရမည်။
ကျောင်းခေါ်ချိန်ပြည့်မီစေရန် ကျောင်းသားသည် ၄င်း၏ Teams Class အတွင်းသို့ Join ၍ ဝင်ရောက်လာရမည်။
အကဲဖြတ်စစ်ဆေးခြင်းရလဒ်များ ကောင်းမွန်စေရန် Assignment များကို မှန်ကန်ပြီးမြောက်အောင် ဆောင်ရွက်၍ ဆရာထံသို့ ပေးပို့ရမည်ဖြစ်သည်။
ကျောင်းခေါ်ချိန် – ကျောင်းခေါ်ချိန်ကို Microsoft Teams Application မှ အလိုအလျှောက် မှတ်တမ်းတင်ပေးထားသော ကျောင်းခေါ်ချိန်မှတ်တမ်းနှင့် ဆရာက ကိုယ်တိုင်စစ်ဆေးကောက်ယူသော စာရင်းမှတ်တမ်းတို့ တိုက်ဆိုင်စစ်ဆေး၍ ကျောင်းခေါ်ချိန်ကို သတ်မှတ်မည်ဖြစ်ပါသည်။
ပျက်ကွက်သင်ခန်းစာ – အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသားမှ ပျက်ကွက်သင်ခန်းစာများရှိခဲ့ပါက ပျက်ကွက်သင်ခန်းစာအတွက် ရည်ရွယ်၍တင်ထားသော ဆရာ၏ပို့ချချက် အသံသွင်းမှတ်တမ်းအကျဉ်းချုပ်ကို ပြန်လည်နားထောင်၍ ပေးအပ်ထားသော ဆောင်ရွက်ရန်လုပ်ငန်းများ (Assignments)ကို ပြီးမြောက်အောင် ဆောင်ရွက်၍ အချိန်မီ ပေးအပ်တင်ပြရမည်။
Home-based Learning အစီအစဉ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ထပ်မံကြေညာပါမည်။