• 01-542982, 545720, 549106, 400156
  • info@ilbcedu.com, recdept@ilbcedu.com
  • ILBC

    IGCSE & A LEVEL SCHOOL

Weekend EPC – FAQs



အင်္ဂလိပ်စာကို မိမိ‌ရောက်ရှိပြီးသည့် Level မှ စ၍သင်ယူလိုသည့် မြန်မာတစ်နိုင်ငံတစ်ဝှမ်းလုံးရှိ ကျောင်းသား၊ကျောင်းသူများအတွက် “Technology Based Learning – TBL” အသုံးပြုပြီး “Weekend English Proficiency Course – EPC” အတန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။

Registration Link: http://bit.ly/ILBC_EPC_Reg_Form

Technology Based Learning ဖြင့်သင်ကြားပေးမည့် “Weekend English Proficiency Course – EPC” နှင့်ပတ်သက်သည့်
အသေးစိတ်အချက်အလက်များ

(1) TBL - Weekend EPC အတန်းတွေ ဘယ်နေ့စဖွင့်မှာလဲ?

A: ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ ၅ရက် (စနေနေ့)မှစ၍ ဖွင့်လှစ်ပါမည်။

(2) ဘယ်သူတွေ တက်ရောက်နိုင်မလဲ?

A: ILBC Weekend EPC အတန်းများမှကျောင်းသားဟောင်းများ၊
မြန်မာတစ်နိုင်ငံလုံးရှိ အသက် (၅)နှစ်နှင့်အထက်ကျောင်းသား၊ကျောင်းသူများအားလုံး တက်ရောက်နိုင်ပါသည်။

(3) ဘယ်နည်းပညာသုံးပြီးသင်ကြားမှာလဲ?

A: “Microsoft Education” ကိုအသုံးပြုပြီး Technology Based Learning ဖြင့် အွန်လိုင်းမှသင်ကြားပေးသွားပါမည်။

(4) Placement Test ရှိပါသလား?

A: EPC ကျောင်းသားဟောင်းများအနေဖြင့်Placement Test ဖြေဆိုရန် မလိုအပ်ပါ။ ကျောင်းသားသစ်များအတွက်နောက်ဆုံးတက်ရောက်ခဲ့သော အတန်းစဥ်အပေါ်အခြေခံ၍ အသင့်လျော်ဆုံးဖြစ်မည့် Level တွင် သင်ယူရပါမည်။

(5) TBL - Weekend EPC သင်တန်းကာလ ဘယ်လောက်ကြာမလဲ?

A: သင်ကြားချိန်စုစုပေါင်းသည် နာရီ (၉၀) ရှိမည်ဖြစ်ပြီး သင်တန်းကာလမှာ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ မှ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလခန့် အထိဖြစ်ပါသည်။

(6) TBL - Weekend EPC ရဲ့အတန်းချိန်တွေက?

A: စနေ၊ တနင်္ဂနွေ တစ်ရက်လျှင် – မနက် (၉း၀၀)နာရီမှ နေ့လယ် (၁၂း၀၀)နာရီ ထိသင်ယူရပါမည်။

(7) TBL - Weekend EPC အတွက် သင်တန်းကြေး?

A: သင်တန်း Level တစ်ခု အစအဆုံးအတွက် 300,000 ကျပ် (သုံးသိန်းကျပ်) ဖြစ်ပါသည်။
ထိုသင်တန်းကြေးကို တစ်ကြိမ်လျှင် – 150,000ကျပ် (တစ်သိန်းငါးသောင်းကျပ်) ဖြင့် ၂ ကြိမ်ခွဲ၍ ပေးသွင်းနိုင်ပါသည်။

Registration ပြုလုပ်ပြီးနောက် ပထမအကြိမ် 150,000ကျပ် (တစ်သိန်းငါးသောင်းကျပ်)
နိုဝင်ဘာလ (၁၂)ရက်နေ့တွင် ဒုတိယအကြိမ် 150,000ကျပ် (တစ်သိန်းငါးသောင်းကျပ်) ကို ပေးသွင်းနိုင်ပါသည်။

(8) TBL - Weekend EPC တွင် “၃ ပတ်” အခမဲ့တက်ရောက်နိုင်မည့်အစီအစဥ်?

A: Registration ပြုလုပ်ပြီး ပထမအကြိမ် သင်တန်းကြေးပေးသွင်းပြီးသော ကျောင်းသားများအား TBL သင်ကြားရေးနည်းစနစ်နှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရန် စက်တင်ဘာလအတွင်း (၃)ပတ်ကြာ အခမဲ့ သင်ကြားပေးသွားပါမည်။

(9) TBL - Weekend EPCမှာ “၃ပတ်” အခမဲ့တက်ရောက်ရန် သင်တန်းချိန်များ?

A: စက်တင်ဘာလ (၅)ရက်နေ့မှစ၍ စနေ၊ တနင်္ဂနွေနေ့များတွင် (၃)ပတ်ကြာ အခမဲ့သင်ကြားပေးပါမည်။
ပထမရက်သတ္တပတ် (စနေ၊ တနင်္ဂနွေ) – မနက် (၉း၀၀)နာရီမှ မနက် (၁၀း၀၀)နာရီ
ဒုတိယရက်သတ္တပတ် (စနေ၊ တနင်္ဂနွေ) – မနက် (၉း၀၀)နာရီမှ မနက် (၁၁း၀၀)နာရီ
တတိယရက်သတ္တပတ် (စနေ၊ တနင်္ဂနွေ) – မနက် (၉း၀၀)နာရီမှ နေ့လယ် (၁၂း၀၀)နာရီ

(10) “Technology Based Learning – TBL” နဲ့သင်ကြားတဲ့အခါ ဘာ Device တွေကိုအသုံးပြုနိုင်မလဲ?

A: Mobile (Android or iOS) ၊ Tablet ၊ PC or Laptop ၊ MacBook တစ်ခုခုကို အသုံးပြုနိုင်ပါသည်။

TBL – Weekend EPC သင်တန်းကာလပြီးဆုံးသည့်အခါ ကလေးတစ်ဦးချင်းစီတိုင်းအတွက် သင်တန်းပြီးဆုံးခြင်းလက်မှတ်(Certificate) ချီးမြှင့်ပေးပါမည်။

သင်တန်းအောင်မြင်ပြီးသော ကျောင်းသားများသည် နောက် Level တစ်ခုသို့ဆက်လက်တက်ရောက်နိုင်ပါမည်။